ဝန်ဆောင်မှုလမ်းညွှန်
ဤဝန်ဆောင်မှုလမ်းညွှန် အက်ပလီကေးရှင်း ထုတ်ဝေရခြင်း၏
ရည်ရွယ်ချက်မှာ
စီမံချက်လုပ်ငန်းများ
လုပ်ဆောင်နေသည့်
မြန်မာနိုင်ငံ ရှိ
ပြည်နယ် နှင့် တိုင်းဒေသ များတွင် ရပ်ကွက်နှင့် ကျေးရွာအဆင့် ထိ မြို့နယ်အတွင်းဝန်ဆောင်မှုများ ပေးလျက်ရှိသည့် နေရာများ၏ ဆက်သွယ်ရန်လိပ်စာ နှင့် အချက်အလက် များကို လွယ်ကူစွာ ရရှိနိုင်စေရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းနှင့် Humanity & Inclusion (HI) အဖွဲ့မှ မိုင်းဒဏ်သင့် ကူညီပေးရေးလုပ်ငန်းများ ကိုလုပ်ဆောင်လျက်ရှိရာ
မသန်စွမ်းသူများနှင့်
မိုင်းဒဏ်သင့်ပြည်သူများမှ
ဝန်ဆောင်မှုများ ကို လက်လှမ်းမှီ စေရန်
ဝန်ဆောင်မှု ပေးလျက်ရှိသည့်
အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များထံ လွှဲပြောင်းပေးနိုင်စေရန်၊ ထိုမှတဆင့်
မိမိတို့လိုအပ်လျက်ရှိသည့်
ဝန်ဆောင်မှုများကို
လက်လှမ်းမှီရရှိနိုင်ကြစေရန်ရည်ရွယ်လျက် ဤဝန်ဆောင်မှုလမ်းညွှန်စာအုပ်ကို ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
ပထမအကြိမ် ထုတ်ဝေသော ဤလမ်းညွန်အက်ပလီကေးရှင်းတွင် ဝန်ဆောင်မှု ပေးလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊
ပဲခူးအရှေ့ ပိုင်းတိုင်းဒေသ နှင့် ကရင် ပြည်နယ် တို့မှ ဝန်ဆောင်မှု များ အဓိက ပါဝင်ပါသည်။ လာမည့် နှစ် တွင် အခြားမြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး များရှိ ဝန်ဆောင်မှု များအားလုံး၏ အချက်အလက်များ ပါဝင်မည် ဟုမျှော်လင့်ပါသည်။
အသုံးပြုပုံ
ဤ ဝန်ဆောင်မှု လမ်းညွန်အက်ပလီကေးရှင်း တွင် ဝန်ဆောင်မှု ၏ ခေါင်းစဉ် ဖြင့်အဖွဲ့ အလိုက်ခွဲ ခြားထား သည်။ ခေါင်းစဉ်အလိုက်ဖြစ်စေ၊ ပြည်နယ် အလိုက်ဖြစ်စေ ရှာဖွေရန်နေရာ တွင် စာရိုက်လိုက်ရုံဖြင့် သို့မဟုတ် အဓိကစာမျက်နှာ ပေါ်ရှိ သင်္ကတပုံ ပေါ် နှိပ် လိုက်ရုံဖြင့် လွယ်ကူစွာ အသုံးပြု နိုင်သည်။
အယ်ဒီတာ၏တင်ပြချက်
ဤအချက်အလက်များကို ၂၀၁၇ ခုနှစ်အတွင်း ကောက်ယူခဲ့ ပါသည်။ တတ်နိုင်သမျှအချက်အလက်များကို ပြည့်စုံ မှန်ကန်အောင်ကြိုးစားကောက်ယူလျက် ဤလမ်းညွှန်အက်ပလီကေးရှင်း ပြုစုခဲ့ပါသည်။ လိုအပ်သည့်အချက်များ၊
မှားယွင်းသည့်
အချက်အလက်များ အနည်းငယ်ရှိကောင်းရှိနိုင်ပါသည်။ ကျန်ရစ်ခဲ့သည့် အချက်အလက်များ၊ အမှားအယွင်းများသည် အယ်ဒီတာ၏တာဝန်လုံးလုံးမဟုတ်ပါ။ အချိန်ကာလပြောင်းလဲလာသည့်အလျောက် ဝန်ဆောင်မှုများ၊ ဆက်သွယ်ရန်လိပ်စာ စသည်တို့ ပြောင်းလဲနိုင်မည်ဖြစ်သ ည်။ သင့်အနေဖြင့် ဤဝန်ဆောင်မှုလမ်းညွှန်အက်ပလီကေးရှင်းကို သုံးပြုစဉ်တွင် ကျန်ရစ်သည့်အချက်အလက်များ၊ မှားယွင်းမှုများ၊ သတ်ပုံအမှားများ စသည်တို့တွေ့ရှိပါ က ကျွန်ုပ်တို့ထံ အကြံပြုနိုင်ပါသည်။
သင့်အနေဖြင့် သင်၏ဝန်ဆောင်မှု ပါဝင်ခြင်းကို ပြင်ဆင်ဖြည့်စွက်လိုပါသလား?
မြန်မာနိုင်ငံထဲရှိ မည်သည့်နေရာမဆို ထပ်မံဖြည့်စွက်လိုသော အချက်များရှိပါက ‘အကြံပြုရန်’
ကိုနှိပ်၍ အချက်အလက်များ ပို့ပေးနိုင်ပါသည်။ ကျွန်ုပ်တို့ လက်လမ်းမမှီ နိုင်သော အချက်အလက်များ၊ဝန်ဆောင်မှု များနှင့် ဆက်သွယ် ရန်
အသေးစိတ်လိပ်စာများ
( သို့ ) နောက်ခံ အချက်အလက်များကိုလည်း တတ်နိုင်သလောက် ပြည့်စုံစွာ ကူညီဖြည့်စွက်ပေးရန်
မေတ္တာရပ်ခံပါသည်။
မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (MPHA) နှင့် Humanity & Inclusion ( HI ) တို့မှ ထုတ်ဝေဖြန့်ချီပါသည်။
ဧပြီလ ၂၀၁၈ ခုနှစ်။