ပေါ်တူဂီဘာသာစကားကိုလေ့လာခြင်း icon

ပေါ်တူဂီဘာသာစကားကိုလေ့လာခြင်း

6.2.1 for Android
4.8 | 100,000+ ထည့်သွင်းရန်

POROLINGO

⚠️ You need 9Apps App to install .XAPK File. How to install XAPK?

၏ဖော်ပြချက် ပေါ်တူဂီဘာသာစကားကိုလေ့လာခြင်း

"ပေါ်တူဂီလူမျိုးတစ်ယောက်ကဲ့သို့ ပြောဆိုဆက်ဆံနိုင်ရန် စတင်လေ့လာကြရအောင်
ပေါ်တူဂီဘာသာလေ့လာပါ - နားထောင်ခြင်း နှင့် ပြောဆိုခြင်း ဆိုတဲ့ အပ်ပလီကေးရှင်းက ပိုရို ရဲ့ လက်ရှိ အပ်ပလီကေးရှင်း တစ်ခုဖြစ်ပြီး ပေါ်တူဂီဘာသာစကားကို လွယ်ကူစွာနှင့် ထိရောက်မှုရှိစွာ ပြောဆိုလိုသော ကိုယ်တိုင်လေ့လာလိုသူများအတွက် ဖြစ်ပါသည်။ နေ့စဥ်သုံးစကားပြောဆိုခြင်းများအပြင် အခြားသော သင်ခန်းစာများကို အမျိုးမျိုးသောခေါင်းစဥ်များပါ၀င်ပါတယ်။ ဥပမာ နှုတ်ဆက်ခြင်း၊ မိတ်ဆက်ခြင်း၊ ဈေး၀ယ်ထွက်ခြင်း၊ စီးပွါးရေးဆိုင်ရာ စကားပြောဆိုမှုများ၊ မိသားစုကိစ္စပြောဆိုမှုများ ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းက အခြေခံအဆင့်မှ အလယ်အလတ်အဆင့် အထိအပြင် ကျွမ်းကျင်အဆင့် လေ့လာသူအထိ ပေါ်တူဂီဘာသာစကားပြောဆို လေ့ကျင့်လိုသူများအတွက် သင့်တော်ပါတယ်။
ပေါ်တူဂီလူမျိုးရဲ့ ပြောဆိုမှုများကို နားထောင်ပြီး သူပြောသည့်အတိုင်း စာကြောင်းတစ်ကြောင်းလုံးကို လေယူလေသိမ်း အသံထွက်မှန်ကန်အောင် တုပပြောဆိုကြည့်ပါ။ ပိုရို အက်ပလီကေးရှင်းကိုသုံးခြင်းအားဖြင့် စကားပြောဆိုသောပုံစံ၊ အသံထွက်၊ ပေါ်တူဂီလူမျိုးတို့ရဲ့ အဖြတ်အတောက်နှင့် လေယူလေသိမ်းများ အပြင် နားထောင်မှုစွမ်းရည်တိုးတက်လာနိုင်ပါတယ်။ ဒါ့အပြင် ‌‌‌‌‌‌‌ေ၀ါဟာရစကားလုံးများ၊ နေ့စဥ်သုံး ပြောဆိုမှုများအတွက် အသုံး၀င်သော စကားစုများကို လေ့လာနိုင်မှာဖြစ်ပါတယ်။
★★★ ပိုရို အက်ပလီကေးရှင်းရဲ့ အဓိကလုပ်ဆောင်မှုများ
★ အများနှင့်ဆိုင်သော စကားပြောဆိုမှုများ
- နိုင်ငံခြားသားများ ပြောဆိုထားသော အသံဖိုင်များနှင့်အတူ နေ့စဥ်ဘ၀မှာ အသုံးပြုတဲ့ စကားပြောဆိုမှုများကို သင်ခန်းစာပေါင်း ၇၅၀ ပါ၀င်ပါတယ်။
- နှုတ်ဆက်ခြင်း၊ မိတ်ဆက်ခြင်း၊ စီးပွါးရေးဆိုင်ရာ စကားပြောဆိုမှုများ ပါ၀င်သော အမျိုးမျိုးသောသင်ခန်းစာများ
- လေ့လာသူများလိုက်နာရမဲ့ အသံဖိုင်များ
★ ပြသခြင်း/ ဖုံးကွယ်ခြင်း ကူးယူခြင်း၊ ဘာသာပြန်ခြင်း။
- ပြသခြင်း/ ဖုံးကွယ်ခြင်း နည်းလမ်းများကို အထူးပြုလုပ်ပေးပြီး အီတလီလူမျိုးရဲ့ စာဖတ်ခြင်းနည်းလမ်းများကို နားလည်ပြီး မှတ်မိစေရန်။
- ပြသခြင်း/ ဖုံးကွယ်ခြင်း နည်းလမ်းများကို အထူးပြုလုပ်ပေးပြီး စကားလုံးအသစ်ရဲ့အဓိပ္ပါယ် စာကြောင်းတစ်ကြောင်းလုံးရဲ့ အဓိပ္ပါယ်ကို နားလည်နိုင်စေရန်။
★ အသံဖိုင်နှင့်အတူ ၀ါကျများကို မျဥ်းသားထားပါတယ်။
- အသံဖိုင်နှင့်အတူ မျဥ်းသားထားသော ၀ါကျများ ရဲ့နည်းလမ်းပုံစံက ပြောစကားများကို တိုက်ရိုက်လိုက်နာစေရန်အတွက် ကူညီနိုင်ပါလိမ့်မယ်။
- ထိုစကားရပ်ကို ပြန်ပြီး နားထောင်လိုပါက သို့မဟုတ် လေ့ကျင့်လိုပါက ထိုစာကြောင်းကို နှိပ်နိုင်ပါတယ်။
★ ပလေးလစ်ဒ် နည်းလမ်း
ကားမောင်းနေသော်လည်းကောင်း ခရီးထွက်နေသော်လည်းကောင်း အီတလီဘာသာကို ပျော်ရွှင်စွာလေ့လာပါ။ အက်ပလီကေးရှင်းကို ဖွင့်ပြီး ပလေးလစ်ဒ် နည်းလမ်းကို နှိပ်ထားယုံပါဘဲ။
★ ဂိမ်းကစားခြင်းဖြင့်လေ့ကျင့်ခြင်း
စာကြောင်းများကို ပြီးဆုံးအောင် ဆက်ပြီးဆော့တဲ့ ဂိမ်းကစားခြင်းဖြင့် ထိုစာကြောင်းရဲ့ တည်ဆောက်ပုံကို မှတ်မိသလား မမှတ်မိဖူးလားဆိုတာကို သိနိုင်ပါတယ်။
★ သတင်းများမှ လေ့လာခြင်း
နားထောင်မှုစွမ်းရည်နှင့် ‌‌‌‌ေ၀ါဟာရကို တိုးတက်စေရုံသာမက ဗဟုသုတကြွယ်၀ပြီး ကမ္ဘာ့သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပါတယ်။
★ ပုံပြင်များမှ လေ့လာခြင်း
ပေါ်တူဂီဘာသာကိုလေ့လာရတာဟာ ပိုပြီးစိတ်၀င်စားစရာကောင်းလာပါပြီ။ ဘာလို့လဲဆိုတော့ ပိုရိုက ပေါ်တူဂီဘာသာကိုပုံပြင်ကနေ လေ့လာလို့ရတဲ့ လုပ်ဆောင်မှုအသစ်တစ်ခုကိုထည့်သွင်းလိုက်လို့ဘဲဖြစ်ပါတယ်။ စကားလုံးများကို တိုးပွါးအောင်လုပ်နိုင်ရုံသာမက ဘယ်လိုအခြေအနေမျိုးမှာ သုံးသင့်လဲဆိုတာကို လေ့လာနိုင်မှာဖြစ်ပါတယ်။
★★★★ ပေါ်တူဂီဘာသာလေ့လာပါ - နားထောင်ခြင်း နှင့် ပြောဆိုခြင်း အက်ပလီကေးရှင်းနှင့် သင့်တော်သူများမှာ -
★ ပေါ်တူဂီဘာသာအခြေခံရှိသူများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လိုသူများ
★ ပေါ်တူဂီဘာသာကို အိမ်မှာနေပြီး ကိုယ်ကိုတိုင်လေ့လာလိုသူများ
★ CELPE-Bras, ACTFL OPIc, CAPLE နှင့် တခြားသောစာမေးပွဲများအတွက် လေ့ကျင့်လိုသူများ
★ မိမိရဲ့ အဆင့်ကို စိန်ခေါ်လိုသူများ
ပေါ်တူဂီဘာသာလေ့လာပါ - နားထောင်ခြင်း နှင့် ပြောဆိုခြင်း အက်ပလီကေးရှင်းသည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်မှုအဆင့်မှာဘဲရှိပါသေးတယ်။ ထို့ကြောင့် ပိုပြီးပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ရန်အတွက် သင်တို့ရဲ့ မှတ်ချက်များကို လက်ခံရရှိမယ်လို့မျှော်လင့်ပါတယ်။ ပိုရိုသည် ပေါ်တူဂီဘာသာစကားကိုချစ်မြတ်နိုးသောအဖွဲ့တစ်ခုဖြစ်ပြီး ကျွန်တော်/မတို့ရဲ့ အချစ်များကိုလည်း လူမှုပတ်၀န်းကျင်ကို မျှ ‌ေ၀လိုပါတယ်။ ဒါကြောင့်မို့ ဒီအက်ပလီကေးရှင်းကို ကြိုက်နှစ်သက်ပါက ကြယ်ငါးခုအဆင့်သတ်မှတ်ပေးပါ။ မှတ်ချက်နှင့် အကြံပြုမှုများအတွက်လည်း စကရင်ပေါ်ကရွေးချယ်စရာစာရင်းမှာ ရွေးချယ်ပြီး အကြံပြုနိုင်ပါတယ်။
★★★★ ဆက်သွယ်ရန်
အီးမေးလ်လိပ်စာ - support@porostudio.com
ကျေးဇူးတင်ရှိပါတယ်၊ ကံကောင်းပါစေ။

ဘာအသစ်လဲ ပေါ်တူဂီဘာသာစကားကိုလေ့လာခြင်း 6.2.1

ဗားရှင်း 6.2.1
ပြင်ဆင်သောကိရိယာ
သင်ခန်းစာများ ထည့်ရန်
စာကြောင်းတစ်ခုခြင်းဆီကိုဖတ်ရန်
ဂိမ်းလေ့ကျင့်ခန်း

သတင်းအချက်အလက်

  • အမျိုးအစား:
    ပညာရေး
  • နောက်ဆုံးမူကွဲ:
    6.2.1
  • အပ်ဒိတ်လုပ်ပြီး:
    2021-06-04
  • အရွယ်:
    44.3MB
  • Android လိုအပ်သည်:
    Android 4.4 or later
  • ဆော့ဖ်ဝဲရေးသားသူ:
    POROLINGO
  • ID:
    com.porolingo.pconversation
  • Available on: